အခြေခံစာကြောင်း(၆)ကြောင်း(Six basic sentences)
ဘယ်ဘာသာစကားမဆို ခိုင်းတာနဲ့မခိုင်းတာ ဖယ်ထားရင် အခြေခံစာကြောင်း(၆)ကြောင်း
ရှိပါတယ်။ Verb(V) ကိုဖေါ်ပြတဲ့ဖွဲ့စည်းပုံ(၆)မျိုးကို အလွတ်မှတ်မိအောင်လုပ်ပါ။
1. ပြော S အကူ V / S V1 / S V2
2. ငြင်း S အကူ not V
3. လား အကူ S V ?
4. မ_တာလား အကူ not S V ?
5. လဲ Wh- အကူ S V ?
6. မ_တာလဲ Wh- အကူ not S V ?
- Verb to Be ရဲ့ V1 ဖြစ်တဲ့ am , is , are နဲ့ V2 ဖြစ်တဲ့ was , were တို့နဲ့
ရေးရင် အကူ do , does , did ကို စာကြောင်း(၆)ခုစလုံးမှာ မထည့်ရဘူး။
am, is, are, was, were ပါရင် do, does, did မရေးရ လို့မှတ်ထားပါ။
- ကျန်တဲ့ Verb တွေကို ရေးရင် V1 , V2 နဲ့ပြောတာမှာ
အကူ do , does , did မထည့်ဘူး။ ကျန်တဲ့ ငါးမျိုးကို အကူထည့်ရမယ်။
1. Verb to Be
V0 V1 V2 V3 V4
be am, is, are was, were been being
Verb to Be = ဖြစ်တယ်၊ဖြစ်ပါတယ်၊ အသုံး [ Usage of verb to Be ]
- ဒါကဘယ်သူ / ဒါကဘာ / ဘယ်သူက ဘာ / ဘာက ဘာ လို့ပြောချင်တဲ့အခါမှာ
verb to Be ကိုသုံးပါ။
ပြော (i) သူက အောင်အောင် ဖြစ်ပါတယ်။
သူက အောင်အောင် ပါ/လေ/ပေါ့။
သူက အောင်အောင်။
မြန်မာလိုမှာ ဖြစ်ပါ တယ် ကိုဖြုတ်ပြီး ပါ/လေ/ပေါ့နဲ့လဲပြောတယ်။
ဒီအတိုင်းလဲပြောတယ်။ သူက He , ဖြစ်ပါတယ်က verb to be= is
နဲ့ရေးရမယ်။
He is Aung Aung.
ဖွဲ့စည်းပုံအရရေးရင်
V1 အကူ do, does မှာ သူ ဖြစ်လို့ does နဲ့ရေးမယ်။
He does be Aung Aung. (ရေးလေ.မရှိပါ)
He is Aung Aung. ( does be = is )
ငြင်း (ii) သူကအောင်အောင် မဟုတ်ဘူး။
သူကအောင်အောင် မဟုတ်ပါ။
သူက He , မဟုတ်ဘူး/မဟုတ်ပါက verb to be not = is not
He is not Aung Aung.
ဖွဲ့စည်းပုံအရရေးရင်
He does not be Aung Aung.(ရေးလေ့မရှိပါ)
He is not Aung Aung. (does not be = is not )
လား (iii) သူကအောင်အောင် ဖြစ်သလား။
သူကအောင်အောင် လား။
သူက he , ဖြစ်သလား/လား က verb to be = Is
Is he Aung Aung ?
ဖွဲ့စည်းပုံအရရေးရင်
Does he be Aung Aung ? (ရေးလေ့မရှိပါ)
Is he Aung Aung ? ( does be = is )
မ_တာလား (iv) သူက အောင်အောင် မဟုတ်ဘူးလား။
သူက he , မဟုတ်ဘူးလား က verb to be not = Is not
Is not he Aung Aung ?
Isn't he Aung Aung ? (Is not = Isn't )
ဖွဲ့စည်းပုံအရရေးရင်
Does not he be Aung Aung ? (ရေးလေ့မရှိပါ)
Is not he Aung Aung ? ( does not be = is )
လဲ (iii) အောင်အောင်က ဘယ်သူဖြစ်သလဲ။
အောင်အောင်က ဘယ်သူလဲ။
အောင်အောင်က Aung Aung , ဘယ်သူ က Who ,
ဖြစ်သလဲ/လဲ က verb to be = is
Who is Ayng Aung?
ဖွဲ့စည်းပုံအရရေးရင်
Who Does be Aung Aung ? (ရေးလေ့မရှိပါ)
Who is Aung Aung ? ( does be = is )
မ_တာလဲ (iii) အောင်အောင် မဟုတ်တာ ဘယ်သူလဲ။
Who is not Aung Aung ?
ဖွဲ့စည်းပုံအရရေးရင်
Who Does not be Aung Aung ? (ရေးလေ့မရှိပါ)
Who is not Aung Aung ? ( does be = is )
to be continued .........
Wednesday, July 23, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment